တာချီလိတ် လေယာဉ်ကွင်း ပြေးလမ်းတိုးချဲ့နေ

0
264

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်လေယာဉ်ကွင်း လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီရေး၊ စံချိန်မီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေး၊သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးများမှာကြားခဲ့ကြောင်း သိရသည်။

တာချီလိတ် လေဆိပ်အား လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ တိုးချဲ့ရန်အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန် နစက ဥက္ကဋ္ဌမှ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မှာကြားခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ တစ်မြို့ဖြစ်၍ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် အလေးထားဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြောကြားခဲ့သည်။

ယင်းအပြင် ဌာနဆိုင်ရာအသီးသီး၏ ချမှတ်ထားသည့် စီမံကိန်းရည်မှန်းချက်များ ပြည့်မီအောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here