လိင်တူ စုံတွဲတွေကို လူမြင်ကွင်းမှာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်အပြစ်ပေးဖို့ ဘူရွန်ဒီ သမ္မတ တိုက်တွန်း 

0
187

လိင်တူစုံတွဲတွေကို လူမြင်ကွင်းမှာ ကျောက်တုံးတွေနဲ့ ပစ်ပေါက်အပြစ်ပေးကြဖို့ ဒီဇင်ဘာ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘူရွန်ဒီသမ္မတက တောင်းဆိုခဲ့ပြီး ဒီလိုအပြစ်ပေးရာမှာ သာမန်ပြည်သူတွေလည်း ပါဝင်ဆောင်ရွက်နိုင်တယ်လို့ သူက ပြောဆိုသွားပါတယ်။

“ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်အရတော့ ဘူရွန်ဒီမှာ ဒီလိုလူစားမျိုးတွေတွေ့ရင် သူတို့ကို ကစားကွင်းတစ်ခုမှာထားပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြရမှာပါ၊ ဒီလိုပစ်ပေါက်သူတွေအတွက် အပြစ်လို့ မဆိုသာပါဘူး” လို့ နဒါယီရှီမိုက်က သတင်းထောက်တွေကို ပြောခဲ့ပြီး လိင်တူချင်း လက်ထပ်တာတွေဟာ “ရွံရှာဖွယ် အလေ့အကျင့်” တစ်ခုဖြစ်တယ်လို့လည်း သူက ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် LGBT လိုလားတဲ့ စံနှုန်းတွေကို ကျင့်သုံးဖို့ မလိုက်နာတဲ့ နိုင်ငံငယ်တွေအပေါ်ဘဏ္ဍာရေးပြစ်ဒဏ်ချမှတ်တဲ့ အင်အားကြီးအနောက်နိုင်ငံတွေကိုလည်း အာဖရိကခေါင်းဆောင်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လိင်တူဆက်ဆံသူတွေ ဖြစ်လာကြတဲ့ ပြည်ပရောက် ဘူရွန်ဒီနိုင်ငံသားတွေအနေနဲ့ နိုင်ငံကို ပြန်မလာသင့်ဘူးလို့လည်း သူက ပြောဆိုပါတယ်။

ဘူရွန်ဒီနိုင်ငံမှာ ၂၀၀၉ ခုနှစ်ကစလို့ လိင်တူဆက်ဆံခြင်းကို တရားမဝင်ဘူးလို့ ပြဋ္ဌာန်းထားပြီး လိင်တူချစ်သူတွေအတွက် ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးနိုင်ကြောင်း သိရပါတယ်။ သို့ပေမယ့် ယင်းအတွက် ‌ေ-သဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးတော့မရှိသေးပါဘူး။

လိင်တူချစ်သူတွေကို အပ-ယ်ခံတွေအဖြစ် ဆက်ဆံကြဖို့ နဒါယီရှီမိုက်က တိုက်တွန်းခဲ့မှုနဲ့အတူ နိုင်ငံအတွင်း လိင်တူ ပေါင်းဖက်နေထိုင်သူတွေ ဖြိုခွင်းရေးကြေညာချက်ထုတ်ခဲ့ပြီးနောက်ပိုင်း လိင်တူဆက်ဆံမှု အမူအကျင့်တွေအတွက် လူ ၂၄ ဦးကို မတ်လမှာ တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။

Ref:RT


LEAVE A REPLY

Please enter your comment!
Please enter your name here