ပင်လယ်နီရေပြင်တွင် အမေရိကန်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဟူသီအဖွဲ့ သင်္ဘော သုံးစင်း နစ်မြုပ်ခဲ့ကာ စစ်သွေးကြွ ၁၀ ဦး ‌ေ-သဆုံးခဲ့

0
333

ပင်လယ်နီရေပြင်မှာ Maersk ကွန်တိန်နာတင် သင်္ဘောတစ်စီးအား အီရန်ကျောထောက်နောက်ခံပြု ဟူသီ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်ခဲ့မှုကို အမေရိကန် စစ်ရဟတ်ယာဉ်တွေက တန်ပြန်ချေမှုန်းခဲ့မှုအတွင်း သင်္ဘောသုံးစီး နစ်မြုပ်ခဲ့ကာ စစ်သွေးကြွ ၁၀ ဦး ‌ေ-သဆုံးခဲ့တယ်လို့ အမေရိကန်၊ Maersk နဲ့ ဟူသီအရာရှိတွေရဲ့ ဒီဇင်ဘာ ၃၁ ရက် မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ဂရင်းနစ်စံတော်ချိန် ၀၃၃၀ နာရီဝန်းကျင်က ရေပြင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သွေးကြွတွေဟာ စင်ကာပူနိုင်ငံအလံလွှင့် Maersk Hangzhou သင်္ဘောပေါ်ကို တက်ဖို့ကြိုးစားခဲ့ကြကြောင်း Maersk နဲ့ အမေရိကန် ဗဟိုစစ်ဘက်ဋ္ဌာနချုပ်(Centcom) တို့က ပြောဆိုပါတယ်။

ကွန်တိန်နာ သင်္ဘောထံက အကူအညီတောင်းခံချက်ကို လက်ခံရရှိခဲ့ပြီးနောက် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အိုက်စင်ဟောင်ဝါနဲ့ ယူအက်စ်အက်စ် ဂရေ့ဗယ်လီတို့ရဲ့ စစ်ရဟတ်ယာဉ်တွေဟာ သင်္ဘောရဲ့ လုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်လာသူတွေကို တန်ပြန်တုန့်ပြန်ခဲ့တယ်လို့ Centcom က ဆိုပါတယ်။

တိုက်ခိုက်မှုပေါ်ပေါက်ခဲ့အပြီးမှာ ပင်လယ်နီက ဖြတ်သန်းမယ့် သင်္ဘောခရီးစဉ်အားလုံးကို ၄၈ နာရီကြာ ရပ်နားလိုက်တယ်လို့ Maersk က ပြောဆိုခဲ့ပါတယ်။

ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောဆိုရာမှာတော့ ကွန်တိန်သင်္ဘောရဲ့ အမှုထမ်းတွေဟာ သတိပေးချက်တွေကို အရေးမစိုက်ခဲ့တာကြောင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ပင်လယ်နီမှာ သူတို့သင်္ဘောတွေကို အမေရိကန်တပ်တွေက တိုက်ခိုက်ခဲ့မှုကြောင့် ဟူသီ ရေတပ်သား ၁၀ ဦး ‌ေ-သဆုံး/ပျောက်ဆုံးဖြစ်ခဲ့တယ်လို့လည်း သူက ပြောဆိုပါတယ်။

အစ္စရေးရဲ့ ဟားမတ်စ်ချေမှုန်းရေး ထိုးစစ်ဆက်လက်ပြင်းထန်နေမှုဟာ ဒေသတွင်း တိုက်ပွဲတွေ ပျံ့နှံ့လာနိုင်တဲ့ အန္တရာယ်ရှိလာတယ်ဆိုတာကို ဒီ ရေပြင်တိုက်ပွဲက ထင်သာစေခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here