ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင်လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ ကုန်သွယ်နိုင်ခဲ့

0
180

ကချင်ပြည်နယ်ရှိ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ဒီဇင်ဘာလအတွက် ကုန်သွယ်မှုလျာထားချက်ထက် ပြည့်မီကျော်လွန်စွာ ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသ ည်။

ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်း မှ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၆ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂.၅သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈.၅ သန်းဖြစ်ပြီး အမှန်တကယ်ကုန်သွယ်နိုင်ခဲ့မှုမှာ ဒီဇင်ဘာလ (၂၆) ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၉.ဝ၂၉ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂.၃၅၂ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁.၃၈၁ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်၍ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရွှေ ဖရုံသီး၊ ရော်ဘာ၊ ငရုတ်သီး၊ ရှောက်ကောပါကောနှင့် ဧည့်မ ထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အမယ်များအနေဖြင့်ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် သစ်သီးများ တင်သွင်းခဲ့ကြောင်း သိရသည်။

ပို့ကုန်တင်ပို့မှုအနေဖြင့် အဓိကအားဖြင့် တစ်သျှူး ငှက်ပျော ၄၈၇၄၂ တန်၊ ရော်ဘာစိမ်း ၄၂၆ တန်၊ ဖရဲသီး ၁၁၆၂ တန်၊ ရှောက်ကောပါကော တန် ၅၀၊ Marble Stone တန် ၅ဝဝ၊ သခွားမွှေး ၂၅ တန်၊ ဆန်တန်ချိန် ၂၂၉၉ တန်၊ ရွှေဖရုံသီး ၆၅ တန်နှင့် ငရုတ်သီးစိမ်း ၁၇ တန်တို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

အများဆုံးတင်သွင်းသော ကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe ၊ Artificial Grass ı Ceramic Tile ၊ ပန်းသီးနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၂၅၃ တန်၊ လုပ်ငန်းသုံးပစ္စည်း ၈၁၇ တန်နှင့် လူသုံးကုန်ပစ္စည်း ၉၅၄ တန် စသည်တို့ကို အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။

ယခုအခါ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ငှက်ပျောသီးနှင့် သွင်းကုန်ပစ္စည်းများကို သက်ဆိုင်ရာကုမ္ပဏီပိုင်ယာဉ်များဖြင့် တင်ပို့၊ တင်သွင်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here