အမေရိကနှင့်တောင်ကိုရီးယားတို့က စတင် တိုက်ခိုက်လာပါက အမြစ်ပြတ်ချေမှုန်းရန် ‌ကင်မ်ဂျုံအမ်းညွှန်ကြား

0
316
This picture taken on December 31, 2023 and released from North Korea's official Korean Central News Agency (KCNA) via KNS on January 1, 2024 shows North Korea's leader Kim Jong Un (C) meeting with military leaders at the headquarters of the Party Central Committee in Pyongyang. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊ဇန်နဝါရီ ၁

အမေရိကနှင့်တောင်ကိုရီးယားတို့က စတင်၍ စစ်ရေးအရ တိုက်ခိုက်လာပါက အမြင့်ဆုံး အင်အားကို အသုံးပြုကာ အမြစ်ပြတ်ချေမှုန်းရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအမ်းက ၎င်း၏ထိပ်တန်း စစ်တပ်အရာရှိများအားညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

ယမန်နှစ်တစ်နှစ်လုံး ပြုံယမ်းကပြုလုပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးစမ်းသပ်မှုများကြောင့် အမေရိကနှင့်တောင်ကိုရီးယားတို့ကလည်း ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအား ပိုမိုမြှင့်တင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်အတွက် မူဝါဒအစီအစဉ်ချမှတ်သည့် အစည်းအဝေးအတွင်း မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကသည် စစ်ရေးခြိမ်းခြောက်မှုပုံစံအမျိုးမျိုးကိုပြုလုပ်နေသည်ဟုလည်းစွပ်စွဲခဲ့သည်။

ဆိုးလ်နှင့်ဝါရှင်တန်တို့၏လုပ်ရပ်များကြောင့် မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားနှင့်လုံးဝပြန်လည်ပေါင်းစည်းရေးကို ရင်ကြားစေ့ရန်မရှိတော့ကြောင်းလည်း ကင်မ်ကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာဂျေ


LEAVE A REPLY

Please enter your comment!
Please enter your name here