ယူကရိန်း ကို အရှိန်တိုးမြှင့် တိုက်ခိုက်မည်ဟုသမ္မတပူတင်ဆို

0
299
This pool photograph distributed by Russian state agency Sputnik shows Russia's President Vladimir Putin delivering a speech during a ceremony to present Gold Star medals to Heroes of Russia on the eve of the Heroes of the Fatherland Day at the St. George Hall of the Grand Kremlin Palace in Moscow on December 8, 2023. (Photo by Valeriy Sharifulin / POOL / AFP)

မော်စကို၊ဇန်နဝါရီ ၁

ရုရှားအနေဖြင့် ယူကရိန်းရှိစစ်ရေးပစ်မှတ်များအား တိုက်ခိုက်မှုကို အရှိန်တိုးမြှင့်သွားမည်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်ကပြောကြားခဲ့သည်ဟုသိရသည်။

“ယူကရိန်းမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထားပြီးတိုက်ခိုက်မှုကို အရှိန်မြှင့်တင်သွားမှာပါ။ရုရှားစစ်သည်‌တွေအနေနဲ့အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာမျိုးမဟုတ်ရင် ဘာပြစ်ဒဏ်မှမပေးဘူးဆိုတာကို အခိုင်အမာပြောရဲပါတယ်” ဟုလည်း၎င်းကဆိုသည်။

မော်စကို၏ထိုးစစ်ဆင်တိုက်ခိုက်မှုသည် နှစ်နှစ်တာကာလသို့နီးကပ်လာသော်လည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ထားသည့်အရာများအား တိုက်ခိုက်ဆဲဖြစ်သကဲ့သို့ ဆက်လက်၍၊လည်းတိုက်ခိုက်သွားဦးမည်ဖြစ်ကြောင်းဆိုခဲ့သည်။

သမ္မတပူတင်က ယူကရိန်းသည် အနောက်အုပ်စု၏ရုရှားအပေါ်မကျေလည်မှုများအတွက် အသုံးချခံသက်သက်သာဖြစ်နေခြင်းဖြစ်သည်ဟုလည်း အခိုင်အမာပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here