ပိုင်ကျုံချောင်းအတွင်း ရေန-စ်ပျောက်ဆုံးနေသော အမျိုးသားအလေ-ာင်း ရေအောက်အနက် ပေ(၃၀)မှ ပြန်လည်ရှာဖွေတွေ့ရှိ

0
115

ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကစိုကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာ ပိုင်ကျုံချောင်းအတွင်း ရေန-စ်ပျောက်ဆုံးနေသော အမျိုးသားအလေ-ာင်းတစ်လော-င်းအား ရေအောက်အနက် ပေ(၃၀)မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ရေန-စ်ပျောက်ဆုံးနေသူမှာ အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဉီးဖြစ်ပြီး၊ ဒီဇင်ဘာ (၃၁) ရက်နေ့ မွန်းလွှဲပိုင်းအချိန်၌ ရေဆင်းကူးရာမှ ရေန-စ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အား နယ်မြေခံ ကစိုကျေးရွာလူမှုကယ်ဆယ်ရေးအသင်းထံမှ သတင်း ရရှိသဖြင့် ကရင်ပြည်နယ် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ၊ RESCUE DIVER TEAM KAYIN က ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရှာဖွေကယ်ဆယ်ချိန်မှာ ယင်းနေ့ မွန်းလွှဲ(၁)နာရီအချိန်တွင် စတင်ရှာဖွေရာ (၁)နာရီ (၂၅)မိနစ်အချိန်၌ ရေအောက် အနက်ပေ (၃၀)၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here