၂၀၂၃ ခုနှစ်အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆု သက်ထားသူဇာ ဆွတ်ခူး

0
259

၂၀၂၃ ခုနှစ်အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆုအား ကြက်တောင်မယ်
သက်ထားသူဇာ ဆွတ်ခူးရရှိခဲ့ကြောင်း ယမန်နေ့က သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေးထားသည်။

သက်ထားသူဇာအနေဖြင့် ၂၀၂၃ ခုနှစ်တစ်နှစ်တာ အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆုအား ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သူမအနေဖြင့် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာအဆင့် သတ်မှတ်ချက် (၄၂) နေရာတွင် ရပ်တည်နေသူတစ်ဦးဖြစ်ပြီး၊အိုလံပစ်အဆင့် သတ်မှတ်ချက်အဆင့် (၂၁) နေရာကိုလည်း ရရှိထားသည်။

ထို အဆင့်သတ်မှတ်ချက်များသည် ကမ္ဘာတစ်ဝှမ်းတွင်ရှိသော အမျိုးသမီးကြက်တောင်မယ် တစ်ဦးချင်းဆီအတွက် ကြက်တောင်ကျွမ်းကျင်အဆင့် သတ်မှတ်ချက်များဖြစ်သည်။

သက်ထားသူဇာအနေဖြင့် ယခု ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်မယ့် အိုလံပစ်ပိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားနေပြီး၊ နိုင်ငံဂုဏ်ကိုမြှင့်တင်ရန်လေ့ကျင့်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here