မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရုံး ရွှေ့ပြောင်း ဖွင့်လှစ်

0
205

ရန်ကုန်တိုင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှစတင်၍ ရွှေ့ပြောင်း ဖွင့်လှစ်ထားပြီဖြစ်ကြောင်း အသင်းချုပ်ထံမှ သိရသည်။

ယခင်က အသင်းချုပ်ရုံးအနေဖြင့် ကြည်မြင်တိုင်၊ ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်းတွင် ဖွင့်လှစ်ထားရှိရာမှ၊ ယခုအခါ အမှတ် (၆၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးဝင်းအတွင်းရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ မြေညီထပ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ရုံးများကို ရန်ကုန်တိုင်းအပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များအတွင်း ဖွင့်လှစ်၍ မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့် နိုင်ငံ‌တော်က ပေးအပ်သည့် အထောက်အပံ့များကို ရရှိရန် ဆောင်ရွက်ပေးလျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here