ယနေ့နံနက်တွင် လဟယ်မြို့အနီးကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

0
169

စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့အနီးကို ဗဟိုပြု၍ ယနေ့ ဇန်နဝါရီ (၂)ရက် နံနက်ပိုင်းက အင်အား ၄ ဒသမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ (၂)ရက်၊ မြန်မာစံတော်ချိန် (၄)နာရီ၊ (၁၅)မိနစ်အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃၁)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လဟယ်မြို့၏ အရှေ့မြောက်ဘက် (၃၂)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၆၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၇၉) ဒီဂရီ၊ အနက် (၂၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး (၄.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

ဒီဇင်ဘာ (၃၁) ရက် နေ့လယ်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်) တာစကေး (၃.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here