ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်တင်သင်္ဘော (၄၉) စီး ဆိုက်ကပ်မည်

0
174

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောလိုင်း (၁၃) လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော (၄၉) စီး ဝင်ရောက်နိုင်ရေး ဆောင်ရွက်နေကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သတင်းများအရ သိရသည်။

ယခုအခါ ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်း ပိုမိုဆောင်ရွက်လာသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များကိုလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင် သင်္ဘောလိုင်း အသီးသီးက ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင် သင်္ဘောလိုင်းများဖြစ်သည့် SAMUDERA သင်္ဘောလိုင်းမှ သင်္ဘော (၇) စီး၊ SEALAND MA ERSK ASIA သင်္ဘောလိုင်းမှ (၇) စီး၊ COSCO လိုင်းမှ သင်္ဘော (၆) စီး၊ SITC သင်္ဘောလိုင်းမှ (၅)စီး၊ CMACGM သင်္ဘောလိုင်းမှ (၄)စီး၊ M.S. CLINE သင်္ဘောလိုင်းမှ (၄)စီး၊ Ti2CONTAINER LINE လိုင်းမှ (၄)စီး၊ ONELINE သင်္ဘောလိုင်းမှ (၃)စီး၊ R.C.L LINE သင်္ဘောလိုင်းမှ (၃)စီး၊ BLPL LINE သင်္ဘောလိုင်းမှ (၂)စီး၊ EVER GREEN LINE သင်္ဘောလိုင်းမှ (၂)စီး၊ BAY LINE သင်္ဘောလိုင်းမှ (၁)စီးနှင့် INTER ASIA LINE လိုင်းမှ (၁)စီး ဝင်ရောက်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုကဏ္ဍမှ သိသိသာသာ မြင့်တက်လာသဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်ကြီးများကို BOT, JV စသည့် စနစ်များဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်များ ပေးအပ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here