ဆီစက်လုပ်ငန်းရှင် (၃၇) ဦးက ကျပ် ၆.၇ ဘီလီယံကျော် ထုတ်ချေးပေးရန် တင်ပြထား

0
175

ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင် (၃၇) ဦးမှကျပ် ၆ ဒသမ ၇ ဘီလီယံကျော်ထုတ်ချေးပေးရန်တင်ပြထားကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

” အခု ဒုတိယအကြိမ် ချေးငွေအတွက် လုပ်ငန်းရှင် (၃၇) ဦး ထပ်လျှောက်ထားတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ချေးငွေ စီစစ်ရေး အဖွဲ့တွေက စီစစ်ပြီး ကျွန်တော်တို့ရုံးကို ပေးပို့လာတာကို ကျွန်တော်တို့က မြန်မာ့စီးပွားရေးဘဏ်ကို ထပ်မံပေးပို့ထားပါတယ်”ဟု စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေကပြောသည်။

အဆိုပါ (၃၇) ဦးသည် စက်အသစ်တိုးချဲ့ခြင်းနှင့် ကုန်ကြမ်းဝယ်ယူရန် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၆၇၈၀ ရယူနိုင်ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီစက်များ အဆင့်မြှင့်တင်ရန်နှင့် လုပ်ငန်းများတိုးချဲ့နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို နိုင်ငံတော်က ထုတ်ချေးပေးနေခြင်းဖြစ်သည်။

ပထမအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော် အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုရှိ လုပ်ငန်းရှင် (၂၁) ဦးကို ကျပ် ၁ ဒသမ ၇ ဘီလီယံကျော်ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here