ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
114

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇန်နဝါရီ (၂) ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃) စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၅၈) ရပ်ကွက်၊ ဦးဘဉာဏ်လမ်း၊ သိမ်ချောင်းလမ်းဆုံရှိ REMEMBER BAR စားသောက်ဆိုင်တွင် ယနေ့ ဇန်နဝါရီ (၂)ရက် နံနက် (၁၁) နာရီ (၂) မိနစ်ဝန်းကျင်ခန့်က စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ် (၃) စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၁၁)နာရီ(၇)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here