တာမွေမြို့နယ်ရှိ နေအိမ်တိုက်ခန်း (၅) လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

0
329

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ တိုက်ခန်းတစ်ခု၏ (၅) လွှာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။

တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းရှိ နေအိမ်တိုက်ခန်း တစ်ခုတွင် ယနေ့ ဇန်နဝါရီ (၂) ရက် နံနက်ပိုင်းအချိန်က အမျိုးသမီးတစ်ဦး ပြုတ်ကျမှု ဖြစ်ပွားကြောင်း သတင်းအရ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“နေအိမ်တိုက်ခန်း (၅)လွှာကနေ ပြုတ်ကျသူကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်”ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့က ဆိုသည်။

အဆိုပါ (၅) လွှာမှ ပြုတ်ကျခဲ့သည့် အမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ဌာနသို့ ပို့ဆောင်သော်လည်း ရရှိထားသည့်ဒဏ်ရာများဖြင့် ဆေးရုံသွားသည့်လမ်း တွင် အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here