RGL ကုန်းတွင်းဆိပ် (မြစ်ငယ်) မှ Export Cargo များ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့မှု စတင်

0
196

RGL ကုန်းတွင်းဆိပ် (မြစ်ငယ်) မှ Export Cargo များ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့သည့် အစီအစဉ်ကို ဇန်နဝါရီလ (၁) ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ RG Logistics ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဝန်ကြီးများကို RG Logistics ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက RGL မြစ်ငယ် Dry Port ၏ RGI မှ တာဝန်ရှိသူ ဒေါ်အေးငြိမ်းသူက မန္တလေးမှ တိုက်ရိုက်ကုန်တင်ပို့ခြင်းလုပ်ငန်းစဉ်၏ အကျိုးရလဒ်များမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်တင်ပို့သူများပြောင်း၊ ဆန်၊ ပဲအမျိုးမျိုးနှင့် အခြားပို့ကုန်များ (သတ္ထု၊ ကြေးနီ)စသည်များကို တင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များအတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာစွာဖြင့် မြန်မာ့မီးရထား ခုန်သေတ္တာရထားဖြင့် ပို့ဆောင်နိုင်ပြီဖြစ်ကြော င်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးများ၏ ထိရောက်သော ညှိနှိုင်းပေးမှုများနှင့် လမ်းညွှန်မှုများ၏ ရလဒ်အဖြစ် Maersk Shipping Line ၏ ကုန်သေတ္တာများကို အသုံးပြု၍ RIO ကုမ္ပဏီ၏ ပြောင်းတန်ချိန် (၄၉ဝ) တန် ကွန်တိန်နာအလုံး (၂ဝ) ကို မိမိတို့၏ RGL ကုန်းတွင်းဆိပ် (မြစ်ငယ်)မှ သီလဝါ MITT ဆိပ်ကမ်းသို့ တိုက်ရိုက် ကုန်သေတ္တာရထားဖြင့် ဇန်နဝါရီလ (၁) ရက်တွင် စတင်သယ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ဖိလစ်ပိုင်နိုင်ငံသို့ ပထမဆုံး တိုက်ရိုက် Export Cargo ဆောင်ရွက်နိုင်သည့်အတွက် လုပ်ငန်းစဉ်အောင်မြင်အောင် ထိထိရောက်ရောက် ပါဝင်ထောက်ပံ့ ပေးကြသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ မန္တလေးတိုင်းကုန်စည်မှန်ကန် မြန်ဆန်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here