ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအားမြှင့်တင်ရန် ထိုင်ဝမ်ပြည်သူများကို တရုတ်တောင်းဆို

0
131

တိုင်ပေ၊ဇန်နဝါရီ ၂

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ရှိပြည်သူများ၏ဆန္ဒသည် ထိုင်ဝမ်နှင့်တရုတ်ပြည်မ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ရေးဖြစ်သဖြင့် ထိုင်ဝမ်ပြည်သူများအနေဖြင့်လည်း ယင်းသို့ငြိမ်းချမ်းစွာပေါင်းစည်းနိုင်ရေးကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း တရုတ် – ထိုင်ဝမ်ရေးရာရုံး၏ အကြီးအကဲကတိုက်တွန်းပြောကြားလိုက်သည်။

၎င်းရုံး၏ယခုထုတ်ပြန်ချက်သည် ထိုင်ဝမ်၌ရွေးကောက်ပွဲမကျင်းပမီနှစ်ပတ်နီးပါးအလိုနှင့် သမ္မတရှီ၏ တရုတ် – ထိုင်ဝမ်ပေါင်းစည်းရေးသည် ရှောင်လွှဲ၍မရသည့်အရာသာဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းပြောအပြီး၌ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ထိုင်ဝမ်ပြည်သူများအနေဖြင့် ငြိမ်းချမ်းသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းမှန်သို့ပြန်လည်ရောက်ရှိရန်နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်သင့်ပြီး အမိမြေ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကိုပါ မြှင့်တင်သင့်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

သို့သော် ထိုင်ဝမ်၏ အင်အားကြီးပါတီနှစ်ခုလုံးသည် တရုတ်၏ပိုင်နက်အဖြစ်သတ်မှတ်မှုအား ပြင်းပြင်းထန်ထန်ငြင်းဆိုကာ ထိုင်ဝမ့်အနာဂတ်အား ထိုင်ဝမ်ပြည်သူများသာဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟုဆိုခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အား “တစ်နိုင်ငံ စနစ်နှစ်ခု” ဖြင့်အုပ်ချုပ်ရန်ကမ်းလှမ်းခဲ့ပြီး ထိုင်ဝမ်၏လွတ်လပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ပြည်ပအင်အားစုများပူးပေါင်းပါဝင်အားဖြည့်မှုကိုပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်ဟုလည်းဆိုသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here