ဂျပန် လေကြောင်းလိုင်း လေယာဉ်တစ်စင်း ပြေးလမ်းအဆင်းမှာ မီးတောက်လောင်မှုဖြစ်ပွား

0
327
Japan Airlines' A350 airplane is on fire at Haneda international airport in Tokyo, Japan January 2, 2024. REUTERS/Issei Kato

ဒီနေ့ ဇန်နဝါရီ ၂ ရက်ညနေပိုင်းက ဂျပန် လေကြောင်းလိုင်း(JAL) လေယာဉ်တစ်စင်းဟာ မြေပြင်အဆင်းမှာ အခြားလေယာဉ်တစ်စင်းနဲ့ တိုက်မိခဲ့ပုံရအပြီး တိုကျိုမြို့ Haneda လေဆိပ် ပြေးလမ်းပေါ်မှာ မီးတောက်လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၃၆၇ ဦးနဲ့ အမှုထမ်း ၁၂ ဦး ပါဝင်ခဲ့ပြီး အားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NHK သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရခဲ့သူ ရှိ မရှိတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဂျပန်ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ Haneda အခြေစိုက်စခန်းရှိ ၎င်းတို့ လေယာဉ်တစ်စင်းနဲ့ JAL လေယာဉ်တို့ တိုက်မိခဲ့တာဖြစ်ဖြစ်ပြီး JAL လေယာဉ်က ပြေးလမ်းကြောင်း C ကို ဆင်းသက်လာစဉ် တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုကြောင်း NHK က ဖော်ပြပါတယ်။

ကမ်းခြေစောင့်တပ် လေယာဉ်ပေါ်မှာ လူ ခြောက်ဦး လိုက်ပါခဲ့ပြီး တစ်ဦးက ဒဏ်ရာနဲ့ လွတ်မြောက်ခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ အခြား ငါးဦးကိုလည်း ပြန်ရှာတွေခဲ့ကြောင်း ဆိုခဲ့ပေမယ့် သူတို့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကမ်းခြေစောင့်တပ် လေယာဉ်ဟာ ဂျပန်အလယ်ပိုင်း ငလျင်ဒဏ်သင့်ဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ကာ နီဂါတာစီရင်စု အခြေစိုက်စခန်းသို့ ပျံသန်းဖို့လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အခင်းဖြစ်ရပ်ဖြစ်အပြီး ညနေ ၆ နာရီဝန်းကျင်လောက်မှာ Haneda လေဆိပ် ပြေးလမ်းအားလုံး ပိတ်ထားလိုက်ပြီး အချို့ လေယာဉ်ခရီးစဉ်တွေကတော့ ချီဘာစီရင်စုရှိ နာရီတာ လေဆိပ်ကို လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

Japan Times


LEAVE A REPLY

Please enter your comment!
Please enter your name here