ထိုင်းတွင် နှစ်သစ်ကူးကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် ‌ေ-သဆုံး ၁၂၈ ဦးအထိ ရှိခဲ့

0
206

ထိုင်းနိုင်ငံတစ်ဝန်းမှာ နှစ်ကုန် နောက်ဆုံး သုံးရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၁၅၀ ခု ဖြစ်ပွားခဲ့ပြီး လူ ၁၂၈ ဦး ‌ေ-သဆုံးကာ ၁၁၅၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရရဲ့ စာရင်းဇယားများအရ သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ စာရင်းဇယားများကို ထုတ်ပြန်ခဲ့ရာမှာ ကန်ချနာဘူရီပြည်နယ်ဟာ ယာဉ်မတော်တဆမှု(၄၄ ကြိမ်) နဲ့ အများဆုံးဖြစ်ခဲ့ကြောင်း ဒုတိယရဲချုပ် ဆူရာချတ်ဟက်ပန်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံအနောက်ပိုင်းပြည်နယ်ဟာ ဒဏ်ရာရသူ အရေအတွက်မှာလည်း ၄၃ ဦးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဘန်ကောက်မှာတော့ သုံးရက်တာကာလအတွင်း ‌ေ-သဆုံးသူ ၈ ဦးနဲ့ လူ‌ေ-သဆုံးမှု အရေအတွက် အမြင့်ဆုံးနေရာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နှစ်သစ်ကူး အကြိုတစ်ရက်တည်းမှာပဲ ယာဉ်မတော်တဆမှု ၄၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၁ ဦး ‌ေ-သဆုံးကာ ၄၁၆ ဦး ဒဏ်ရာရမှုရှိခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုတွေဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲ ၃၇ ရာခိုင်နှုန်းဟာ အရှိန်လွန်မောင်းနှင်မှုကြောင့်ဖြစ်ရပြီး ၃၃ ရာခိုင်နှုန်းက အရက်သောက်စားမောင်းနှင်မှုကြောင့် ဖြစ်ပွားခဲ့ကာ မော်တော်ဆိုင်ကယ်တွေ ပါဝင်တဲ့ ယာဉ်မတော်တဆမှုကတော့ ၈၇ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်သစ်ကူး တနင်္လာနေ့မှာ လူအများစုဟာ ဘန်ကောက်နဲ့ စီးပွားရေးအရ အရေးပါတဲ့ အခြားပြည်နယ်တွေဆီကို ပြန်ဝင်လာခဲ့ကြတယ်လို့ ဒုရဲချုပ် ဆူရာချတ်က ပြောဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ လမ်းတွေပေါ်မှာ တစ်နေ့ကို ပျှမ်းမျှ လူ ၆၀ ဦးနှုန်း ‌ေ-သဆုံးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref:ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here