နှစ်သစ်ကူးကာလ ဒေါ်လာဈေးနှုန်း အကျဘက် ဦးတည်နေ

0
156

နှစ်သစ်ကူးကာလအတွင်း နိုင်ငံခြားငွေ(ဒေါ်လာ) လဲလှယ်နှုန်း ကျဆင်းလာကြောင်း ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ (၂၇) ရက်က အမေရိကန် (၁) ဒေါ်လာက ၃၅၀၀ ကျပ် ဈေးရှိသော်လည်း ဇန်နဝါရီလ (၁) ရက်တွင် (၁) ဒေါ်လာ ကျပ် ၃၄၅၀ ကျပ်သို့ ကျဆင်းလာခဲ့ကြောင်း သိရသ ည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများမှ နိုင်ငံခြားငွေဖြင့် ရရှိသည့် လုပ်ခ/လစာ ငွေလွှဲများ ဝင်ရောက်လာခြင်းနှင့် ပြည်ပမှ သွင်းကုန်တင်သွင်းမှု လျော့ကျလာခြင်းတို့ကြောင့် ကျပ်ငွေတန်ဖိုး ပြန်မာလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အခု ပြည်ပကနေ လုပ်ခလစာတွေ ပြန်ဝင်လာကြတယ်။ သွင်းကုန်တင်သွင်းမှုကလည်း လျော့တော့ အဲဒီအတွက် နိုင်ငံခြားငွေ သုံးစွဲရတာ နည်းသွားတယ်ဆိုတော့ ဒီရက်ပိုင်းက ဒေါ်လာဈေး ကျနေတာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ထားသည်။

ထို့အပြင် နိုင်ငံခြားငွေဈေးကွက်အတွင်း ပို့ကုန်ရငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချခွင့် ပြုလိုက်ပြီးနောက် ဒေါ်လာဈေးက အဆမတန် မြင့်တက်သွားခြင်းမျိုး မတွေ့ရတော့ဘဲ ပုံမှန်ဈေးတစ်ခုဖြင့်သာ လည်ပတ်နေကြောင်း ယင်းက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ (၁) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁၂.၉၃ သန်း ရောင်းချပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄ သန်း နှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility ပေးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here