မတ်လမှစ၍ ထိုင်းနှင့်တရုတ်တို့အကြား ဗီဇာကင်းလွတ်ခွင့် ပေးမည်

0
232

ဘန်ကောက်၊ဇန်နဝါရီ ၂

ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များကို မတ်လမှစ၍ အပြီးတိုင်ကင်းလွတ်ခွင့်‌ပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာသာဗီဆင်က ဇန်နဝါရီ ၂ ရက်တွင်ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းအပေါ် အများဆုံးမှီခိုနေရသည့်ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်စက်တင်ဘာမှစ၍ ယခုနှစ်ဖေဖော်ဝါရီအထိ တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်းလည်းသိရသည်။

ယခုအစီအစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးအား တိုးတက်ကောင်းမွန်စေမည်ဖြစ်ကြောင်းလည်း မစ္စတာဆရီသာက သတင်းထောက်များအားပြောကြားခဲ့သည်။

နှစ်နိုင်ငံလုံးသည် ဗီဇာလိုအပ်ချက်များကို ကင်းလွတ်ခွင့်ပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူအချင်းချင်းဖလှယ်မှုကို တိုးမြှင့်လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၂၈ သန်းဝင်ရောက်ခဲ့ပြီး ၀င်ငွေ ဘတ် ၁ ဒသမ ၂ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၃ ဘီလျံ) ရရှိခဲ့ကြောင်း အစိုးရ စာရင်းများအရသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here