မြိုင်ကြီးငူ အထူးဒေသ ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်

0
357

ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ထိုင်း-မြန်မာ လက်ဝှေ့စိန်ခေါ်ပွဲကို (၃)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

ယင်း လက်ဝှေ့စိန်ခေါ်ပွဲသည် ကရင်နှစ်သစ်ကူးပွဲ အထိမ်းအမှတ်အဖြင့်ပြုလုပ်ခြင်းဖြစ်ပြီး၊ ယခုလ ဇန်နဝါရီ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

စိန်ခေါ်ထိုးသ-တ်မည့် တွဲဆိုင်း( ၂၂)ဆိုင်း ပါဝင်မည်ဖြစ်ပြီး၊ ယင်းအနက် ရဲသွေးနီ(တောင်ကလေး ကလပ်)နှင့် သပြေညို(ဘိလပ်မြေစက်ရုံ) တို့ တွဲဆိုင်းလည်း ပါဝင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ဝှေ့ကလပ်များအနေဖြင့် ဖွဲကပင်မြေ၊ ဒေါနမဟာ၊ ကျားဖြူ၊ တောင်ကလေး ၊ အဲ့ကညော့၊ ဇာနည်မောင် အဖြူရောင်သွေးသစ် ၊ ဒေါနတောင်ခြေ၊ ဇာနည်သွေး၊ တိုက်ဂါးနှင့် ရိုးရာမောင် ကလပ်အသင်းများရှိ မြန်မာ့ရိုးရာလက်ဝှေ့ ကြယ်ပွင့်များက ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်ဝှေ့ရိုးရာပြိုင်ပွဲကြီးအား 555MIX ကုမ္ပဏီ၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ 360 Sports Facebook နှင့် YouTube channel များမှ တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here