ပြည်တွင်းရွှေဈေး အမြင့်ဈေးနှုန်းတွင် ရှိနေပြီး ပြန်လည်ရောင်းချသူများပြားနေ

0
214

ပြည်တွင်းရွှေဈေးကွက်အတွင်း အမြင့်ဈေးနှုန်းတွင် ဆက်လက်တည်ရှိနေသည့်အတွက် ပြန်လည်ရောင်းချသူများပြားနေကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ သိရသည်။

” ရွှေက ပြန်ရောင်းတဲ့ သူများတယ်။ ဝယ်တဲ့သူက နည်းတယ်။ ဈေးကမြင့်နေတာပဲရှိတယ်။ ဒေါ်လာပေါက်ဈေးအတိုင်းတွက်တော့ ရည်ညွှန်းဈေးက မြင့်နေတာပေါ့”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း လက်ဝတ်ရတနာ အထည်ပျက်ပစ္စည်းများကို လာ‌ရောက်ရောင်းချသူများပြားနေကြောင်း သိရသည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဖြေလျှော့ပေးပြီးနောက်ပိုင်း ဈေးကွက်ပေါက်ဈေးအတိုင်း တွက်ချက်၍ ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ် ဈေးနှုန်းစတင်ဖွင့်လှစ်သည့် ယနေ့ ဇန်နဝါရီ (၃) ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၂၀၆၄ ဖြစ်ပြီး အခေါက်ရွှေတစ်ကျပ်သား ၃,၇၂၀,၀၀၀ ကျပ်ဖြစ်ကာ အသင်း၏ ရည်ညွှန်းဈေးသည်လည်း ၃,၆၈၅,၈၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here