၂၀၂၃ ခုနှစ်အတွင်း YBS ယာဥ်တိုက်မှုကြောင့် လူ (၂၈) ဦး‌ေ-သဆုံး

0
191

ပြီးခဲ့သည့်နှစ်၌ YBS ယာဥ်လိုင်းများတွင် ယာဥ်မတော်တဆမှု (၇၀) မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများထဲမှ ယာဥ်တိုက်မှု ၆၃ မှုဖြစ်ကာ လူ (၂၈) ဦး ‌ေ-သဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှသိရသည်။

” YBS တွေ ယာဥ်တိုက်မှု ဖြစ်တာဟာ အရှိန်လွန်မောင်းတာတွေ၊ တစ်စီးနဲ့တစ်စီး ကျော်တက်ကြတာတွေကြောင့် ကားလမ်းဖြတ်ကူးလာတဲ့ သူတွေ၊ မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးဖို့ စောင့်နေတဲ့သူတွေကို ဝင်တိုက်မိတာတွေဖြစ်တယ်။ ဒါကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု‌တွေလုပ်နေတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

ယာဉ်တိုက်မှုကြောင့် လူ‌ေ- သဆုံးမှုဖြစ်ပါက အဆိုပါယာဉ်မောင်းကို ရာသက်ပန်ယာဉ်မောင်းနှင်ခွင့်ပိတ်သည်အထိ အရေးယူဆောင်ရွက်ကြောင်း သိရသည်။

သို့သော် YRTC မှ အရေးယူမှုများ ပြုလုပ်နေသော်လည်း စည်းကမ်းမဲ့ မောင်းနှင်သည့် YBS ယာဉ်မောင်းများ ပိုပိုဆိုးရွားလာပြီး ခရီးသည်များအား မချေမငံပြောဆိုဆက်ဆံခြင်း၊ ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ သတ်မှတ်အရှိန်ထက်ပိုမိုမောင်းနှင်ခြင်းများရှိနေကြောင်း YBS စီးခရီးသည်များ၏ ပြောပြချက်အရ သိရသည်။

“အခုဆိုရင် YBS ယာဉ်တွေက ပိုပိုဆိုးလာတယ်။ သူတို့ကိုမပြောရဲမဆိုရဲအောင်ပဲ။ တိုင်လို့ရှိရင်လည်း အရေးယူလား မယူလားဆိုတာ သေချာမသိရဘူး။ အဆင်မပြေလည်း စီးနေရတယ်”ဟု YBS စီးခရီးသည်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်ပါက ယခင် မထသ လက်ထက်တွင် ကျင့်သုံးခဲ့သည့် (၁၃၈) ချက်ဖြင့်သာ အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here