နယ်လိုင်စင်နှင့် မောင်းနှင်နေသည့် စီးတီးတက္ကစီများပါ အဝါရောင် ဘေးလိုင်းစတစ်ကာ ကပ်ရမည်ဟု YRTC ပြော

0
207

နယ်လိုင်စင်ဖြင့် မောင်းနှင်နေသည့် စီးတီးတက္ကစီများပါ အဝါရောင် ဘေးလိုင်းစတစ်ကာ ကပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

ယခင်က ရန်ကုန်လိုင်စင်ဖြင့် မောင်းနှင်သည့် စီးတီးတက္ကစီယာဉ်များကိုသာ အဝါရောင်ဘေးလိုင်း စတစ်ကာကပ်ရမည်ဟု အသိပေးထားသော်လည်း နယ်လိုင်စင်နှင့် မောင်းနှင်နေသည့် စီးတီးတက္ကစီယာဉ်များ ပိုမိုများပြားလာသည့်အတွက် တန်းတူဖြစ်စေရန် ရည်ရွယ်ကာ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီများ အဝါရောင်စတစ်ကာကပ်ခြင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၃၁) ရက်အထိ ပညာပေးကာလ သတ်မှတ်ထားကာ ယင်းကာလကျော်လွန်ပါက ဥပဒေအတိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီးတီးတက္ကစီယာဉ်များ အဝါရောင်ဘေးလိုင်းစတစ်ကာတပ်ဆင်မှု ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း YRTC ၏ စာရင်းအချက်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here