FIFA – MFF U – 17 League 2023-24 Week (1) ပွဲစဉ်အပြီး အသင်းသုံးသင်း အမှတ်ပေးဇယား ရပ်တည်မှုအဆင့် ထိပ်ဆုံးသို့ ရောက်ရှိ

0
131

FIFA – MFF U – 17 League 2023-24 Week (1) ပွဲစဉ်များ ပြီးဆုံးပြီဖြစ်ရာ၊ ပွဲစဉ်တစ်လျှောက် နေပြည်တော် FCနှင့် အာသာဝတီ FC နှင့် ရှမ်း FC တို့က ဂိုးအများဆုံးသွင်းယူထားနိုင်ပြီး၊ အမှတ်ပေးဇယားအဆင့် ရပ်တည်မှုအရ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အသင်းသုံးသင်းအနက် အာသာဝတီ FC အနေဖြင့် ရဂိုး (၆)ဂိုး၊ ပေးဂိုး (၁)ဂိုးဖြင့် ရမှတ်(၃)မှတ် ရရှိထားပြီဖြစ်ပြီး၊ နေပြည်တော် FC အနေဖြင့် ရဂိုး(၅)ဂိုး၊ ပေးဂိုးမရှိ၊ ရမှတ် (၃)မှတ် ရရှိထားသည်။

အလားတူ ရှမ်း FC အနေဖြင့် ရဂိုး(၆), ပေးဂိုး(၂)ဂိုး၊ ရမှတ်(၃)မှတ်ဖြင့် ရပ်တည်လျှက်ရှိသည်။

ထို့အပြင် ပွဲစဥ်တစ်‌လျောက် ဂိုးအများဆုံး သွင်းယူထားသူစာရင်းများကိုလည်း ထုတ်ပြန်ထားပြီး၊ နေပြည်တော် FC မှ ကျောနံပါတ်(၇) ဉာဏ်စိုးစံ က (၃)ဂိုးနှင့် အာသာဝတီ FC မှ ကျောနံပါတ်(၁၆) ဟန်လင်းအောင် က(၃)ဂိုး အများဆုံးသွင်းယူထားနိုင်ခဲ့သည်။

FIFA – MFF U – 17 League 2023-24 Week (2) ပွဲစဉ်များစတင်မည့်အချိန်ကို MFF အနေဖြင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

FIFA-MFF U17 League 2023 ပြိုင်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၄ ဇွန် ၃၀ ရက် အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ် ကစားသမားများ ထွက်‌ပေါ်လာရေး နှင့် မြန်မာ့လက်ရွေးစင် လူငယ် အသင်းများအား ထောက်ပံ့မှု ဖြစ်စေရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here