သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ခြင်ဆေးထွန်းရာမှ မီးလောင်မှု ဖြစ်ပွား

0
129

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ခြင်ဆေးထွန်းရာမှ မီးလောင်မှု ယနေ့ နံနက်အစောပိုင်းကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ဇန်နဝါရီ (၃) ရက်၊ နံနက် (၆)နာရီ (၄၀)မိနစ် အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီ (၄၅)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here