ထိုင်းငချိပ်(ခေါ် ) ရာသီငချိပ်စပါး ပြည်တွင်း/ ပြည်ပ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ

0
170

ထိုင်းငချိပ်(ခေါ်)ရာသီငချိပ်စပါးအနေဖြင့် ပြည်တွင်း/ပြည်ပ ဝယ်လိုအားကောင်းသည့်အတွက် ဈေးကောင်းရလျက်ရှိကြောင်း ဝက်လက်မြို့နယ် စပါးစိုက်တောင်သူအချို့ထံက သိရသည်။

ငချိပ်စပါးပေါ်ချိန် ဈေးနှုန်းသည် တင်း (၁၀ဝ) လျှင် ကျပ် (၃,၈၀ဝ,၀ဝ၀)မှ (၄,၀ဝ၀,ဝ၀ဝ) အထိဈေးနှုန်းရှိသော်လည်း ငချိပ်စပါး စောထွက်သည့် တောင်သူများမှာ မိုးလေဝသရာသီဥတုကို စိုးရိမ်၍ ရောင်းချရာ ကျပ် (၃,၈၀ဝ,၀ဝ၀)သာ ရရှိခဲ့ကြောင်း စပါးစိုက်တောင်သူအချို့ထံမှ သိရသည်။

အဆိုပါ စပါးစိုက်တောင်သူများ၏ တွက်ချက်မှုအရ တစ်ဧကအထွက်နှုန်း တင်း (၇၀) နှင့် တွက်ချက်ပါက တစ်ဧကလျှင် ကျပ် (၂,၆၆၀,ဝ၀ဝ) ရရှိပြီး၊ ကုန်ကျစရိတ်မှာ ကျပ် (၁,၁၄၀,ဝ၀ဝ) ကုန်ကျ၍ တစ်ဧက အကျိုးအမြတ်သည် ကျပ် (၁,၅၂၀,ဝ၀ဝ)အထိ ရရှိကြောင်းသိရသည်။

ထို့ကြောင့် ဈေးနှုန်းအရသော်လည်းငကာင်း၊ ဈေးကွက်ကောင်းအရသော်လည်းကောင်း ရရှိနေသည့် ငချိပ်စပါးကို လာမည့်နှစ်များတွင်လည်း တွင်တွင်ကျယ်ကျယ် စိုက်ပျိုးမည်ဟုဆိုသည်။

ငချိပ်စပါးအနေဖြင့် အနှံထွက်စတွင် စပါးအရောင်သည် အဖြူနှင့်အစိမ်းရောင်စထွက်ပြီးနောက် တစ်လခန့်အကြာတွင် ခရမ်းပုပ်ရောင် သို့ပြောင်းလဲကြောင်း၊ ခရမ်းပုပ်ရောင်မှတစ်ဆင့် စပါးနှံ ရင့်သည့်အချိန်တွင် အုန်းခွံရောင်အဖြစ်သို့ ပြောင်းလဲလာကြောင်းနှင့် တစ်ဧကလျှင် တင်း (၇၀) မှ (၈၀)ထွက်ရှိကြောင်း သိရသည်။

ငချိပ်စပါးကို ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး ရာသီချိန်ဖြစ်သည့် ဇူလိုင်လအတွင်း ပျိုးထောင်၍ သြဂုတ်လ အတွင်းတွင် စိုက်ပျိုးရပြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီး ကျေးရွာအပါအဝင် ကျေးရွာအနှံ့အပြားတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

photo – ministry of commerce


LEAVE A REPLY

Please enter your comment!
Please enter your name here