တိုကျို၊ဇန်နဝါရီ ၃
ဇန်နဝါရီလ ၂ ရက်နေ့က ဂျပန်ခရီးသည်တင်လေယာဉ်နှင့် ကမ်းရိုးတန်းစောင့်လေယာဉ်တို့ ဟာနေဒါ လေဆိပ်၌ မတော်တဆ တိုက်မိရာ ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်ပါလာသည့် ခြောက်ဦးအနက် ငါးဦးေ-သဆုံးသွားကြောင်းသိရသည်။
ဂျပန်လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်ပေါ်၌ ခရီးသည်စုစုပေါင်း ၁၇၉ ဦးပါဝင်ကာ အမှုထမ်း ၁၂ ဦးပါဝင်သည်ဟုသိရသည်။
ခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည်သုံးရာကျော်နှင့် အမှုထမ်း ၁၂ ဦးတို့အား ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သော်လည်း လေယာဉ်၌လောင်ကျွမ်းနေသည့်မီးကိုမူ ခဲရာခဲဆစ်ငြှိမ်းသ-တ်ခဲ့ရပြီး ခြောက်နာရီကြာသည်အထိ ငြှိမ်းသ-တ်ခဲ့ရသည်ဟုသိရသည်။
ခရီးသည်များအနက် ၁၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ကုသပေးခဲ့ပြီး ၎င်းတို့သည် စိုးရိမ်စရာအခြေနေမရှိကြောင်းလည်းအာဏာပိုင်များကပြောကြားခဲ့သည်။
ကမ်းရိုးတန်းစောင့်လေယာဉ်၌မူ စုစုပေါင်း ခြောက်ဦးပါဝင်သည့်အနက် ငါးဦးေ-သဆုံးကာ အရာရှိတစ်ဦး လွတ်မြောက်ခဲ့သော်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
ကမ်းရိုးတန်းစောင့်လေယာဉ်သည် ငလျင်လှုပ်ခဲ့သည့်ဒေသများသို့ အထောက်အကူပြုပစ္စည်းများပို့ဆောင်ရန်အတွက် နီဂါတာဒေသသို့ ဦးတည်ထွက်ခွာလာခြင်းဖြစ်ကြောင်းလည်းတာဝန်ရှိသူများကဆိုသည်။
Source : စီအင်န်အေ