ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန် အနှုတ်အောက် (၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်း

0
197

ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြီးခဲ့သော (၂၄)နာရီအတွင်း ညအပူချိန်များသည် အနှုတ်အောက် (၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ယနေ့တွင် အသိပေးထားသည်။

ထူးခြားသည့် ညအပူချိန်များအနေဖြင့် ချင်းပြည်နယ် ဟားခါးမြို့တွင် အနှုတ်အောက် (-၅)ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကာ တီးတိန်မြို့တွင် (၄)ဒီဂရီစင်တီဂရိတ်ထိ ကျဆင်းခဲ့ပြီး၊ ရှမ်းပြည်နယ် လွိုင်လင်မြို့တွင် (၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင်လည်း (၄)ဒီဂရီစင်တီဂရိတ် အထိကျဆင်းခဲ့ကြောင်း မိုးဇလ၏ အသိပေးချက်တွင် ဖော်ပြထားသည်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း ၊ ရန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် ဆက်လက်လျော့နည်းနိုင်ကြောင်း ဆိုသည်။

မနက်ဖြန် ဇန်နဝါရီ (၄)ရက် (လွတ်လပ်ရေးနေ့) နံနက်ပိုင်းအချိန်အထိစစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ဟု ဆိုသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ် မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီးလှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here