ဘန်ကောက်မြို့အနီးတွင် မြန်မာအမျိုးသား (၂) ဦး ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံး

0
365

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် မြန်မာနိုင်ငံသား အမျိုးသား (၂) ဦး ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း ထိုင်းအခြေစိုက် ဗန်ပူသတင်းဌာန ဖော်ပြချက်အရ သိရသည်။

စမွတ်ပရကန်ခရိုင်၊ ဗန်ပူမြို့နယ်၊ ဖရက်စာမိုင်ရပ် စဖန်ခေါင် (၇) မြောင်းတံတားအနီးရှိ စွန်ထောင်ဝိဖတ်လမ်းတွင် ဇန်နဝါရီ (၂)ရက်၊ညနေ (၃)နာရီအချိန်က မြန်မာအမျိုးသား (၂) ဦး မောင်းနှင်လာသော ဆိုင်ကယ်မှာ လမ်းဘေးဓာတ်တိုင်နှင့် ဝင်တိုက်မိပြီး အသက်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူ မြန်မာအမျိုးသား (၂) ဦးအတွက် ထိုင်းအာဏာပိုင်များမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Photo- ဗန်ပူသတင်းဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here