ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှု ဆက်တိုက်မြင့်တက်လာ

0
148

ပြည်ပသို့ ဆန်/ဆန်ကွဲတင်ပို့မှု ဆက်တိုက်မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ၁၂ လတာကာလအတွင်း တန်ချိန် ၉၅၀၀၀၀ ကျော်တင်ပို့ထားပြီး ယင်းတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် အများဆုံးတင်ပို့နိုင်ခဲ့ကာ ပို့ကုန်ဝင်ငွေ အများဆုံးရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်တန်ချိန် ၁၉၅၈၂၉ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၉၉ သန်းရရှိထားကာ နိုဝင်ဘာလတွင်လည်း ဆန်တန်ချိန် ၁၇၅၉၉၀ တန်တင်ပို့ထားမှုမှ ကန်ဒေါ်လာ သန်း ၉၀ ရရှိထားကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလတွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁၁၉၅၂၆ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၆၃ သန်းနှင့် စက်တင်ဘာလတွင် ဆန်တန်ချိန် ၈၄၇၇၃ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၄၂ သန်း ရရှိထားကြောင်း ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

အလားတူ ဩဂုတ်လတွင် ဆန်တန်ချိန် ၅၉၉၇၁ တန်တင်ပို့ထားပြီး ကန်ဒေါ်လာ ၂၈ သန်း၊ ဇူလိုင်လတွင် ဆန်တန်ချိန် ၅၈၃၃၃ တန်တင်ပို့ထားမှုမှ ကန်ဒေါ်လာ ၂၆ သန်း၊ ဇွန်လတွင် ဆန်တန်ချိန် ၆၂၇၂၅ တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂၈ သန်း၊ မေလတွင် ဆန်တန်ချိန် ၁၁၀၇၀၆ တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၈ သန်း၊ ဧပြီလတွင် ဆန်တန်ချိန် ၈၇၆၄၈ တန်တင်ပို့မှုမှ ကန်ဒေါ်လာ ၃၆ သန်း အသီးသီးရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၉၅၃၅၀၂ တန်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၆၂ သန်းရရှိထားကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ဆန်တင်ပို့ရန် လိုင်စင်လျှောက်ထားရာတွင်လည်း ယခင်က ၁၀၀ ရာခိုင်နှုန်း ဆန်လက်ဝယ်ရှိမှသာ ပြည်ပတင်ပို့ခွင့် လိုင်စင်ထုတ်ပေးမည်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသော်လည်း ယခုအခါ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here