ဇန်နဝါရီ (၁) ရက်မှစ၍ ပြည်ပသို့ လုပ်သားစေလွှတ်သည့် လချုပ်စာရင်းကို အီးမေးလ်ဖြင့် တင်ပြရမည်

0
139

စာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၃၀) ရှိခဲ့

ဇန်နဝါရီ (၁) ရက်မှစ၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့၏ အလုပ်သမားစေလွှတ်သည့် လချုပ်စာရင်းကို စာလမ်းကြောင်းဖြင့် မဟုတ်ဘဲ Email ဖြင့်သာ တင်ပြရမည်ဟု Safe Migration က အသိပေးထားသည်။

ပြည်ပအလုပ်အကိုင်လိုင်စင်ရ အကျိုးဆောင်အေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည့် စာရွက်စာတမ်းများကို Hard Copy ဖြင့် ပေးပို့တင်ပြခြင်းအစား Soft Copy ကို Email ဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ Email ဖြင့် တင်ပြရာတွင် တစ်ကြိမ်သာပေးပို့ရန်နှင့် စာရွက်စာတမ်းပြည့်စုံသည့် အီးမေးလ်အား Well received ဟု Reply လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ညနေ ၃နာရီခွဲ မတိုင်မီပေးပို့ရန်နှင့် ကျော်လွန်သွားပါက နောက်တစ်ရက်ဝင်စာအဖြစ် မှတ်ယူ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားစေလွှတ်ခြင်း လချုပ်အား စေလွှတ်စာရင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယာယီအပိတ်ခံထားရသည်ဖြစ်စေ လစဉ်လဆန်း (၅) ရက် မတိုင်မီ အချိန်မီပေးပို့ရန်လိုကြောင်းလည်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အသိပေးထားပြီးဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၃၀) ရှိခဲ့သည့်အနက် အေဂျင်စီ (၆)ခုမှာ သတိပေးခံရခြင်း (၃) ကြိမ်ရှိပြီး နောက်ထပ်တစ်ကြိမ် ထပ်မံဖြစ်ပွားပါက ဝန်ခံကတိလက်မှတ် စတင်ထိုးရမည်ဖြစ်ကာ ပျက်ကွက်မှု ထပ်မံဖြစ်ပါက ကာလအကန့်အသတ်ဖြင့် လိုင်စင်ပိတ်သိမ်းမည်ဟု အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here