ထို့ကော်ကိုး -ကျော်ခို့လမ်းပိုင်း ယာဉ်ကြီးများဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း KNU/KNLA-PC အသိပေး

0
219

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ထို့ကော်ကိုး-ကျော်ခို့ လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသော (၁၀) ဘီးယာဥ်အပါအဝင်၊ (၁၂)ဘီးယာဥ်နှင့် တွဲကားယာဉ်များအား ယခုလ ဇန်နဝါရီ (၁)ရက်နေ့မှစ၍ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA-PC)က အသိပေးထုတ်ပြန် ကြေညာထားသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(၉)ရက်နေ့တွင်ပြုလုပ်သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ စည်းလုံး
ရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ KNU/KNLA-PC ၏ ဒုတိယစစ်ဦးစီးချုပ် နော်ကပေါ်ထူးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသိပေးထုတ်ပြန်ချက်တွင် ထို့ကော်ကိူး-ကျော်ခို လမ်းပိုင်းအား (၁၀)ဘီးယာဥ်၊ (၁၂)ဘီးနှင့် တွဲကားယာဉ်များ ဖြတ်သန်းသွားလာခွင့် မပြုရခြင်းသည် တည်ဆောက်ဆဲ ဖြစ်သည့် လမ်း၊ တံတားတို့ တွင် ကားကြီးများ ဖြတ်သန်းသွားလာရန် ခံနိုင်ဝန် အားနည်းနေသဖြင့် ဖြတ်သန်း သွားလာသူများ အန္တရာယ်မဖြစ်စေရန် သွားလာခွင့်မပေးတော့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်း လမ်းပိုင်းသည် KNU/KNLA-PC ၏ ထိန်းချုပ်ဒေသအတွင်း ရှိနေခြင်းဖြစ်ပြီး၊ မြ၀တီ-ကော့ကရိတ် အာရှ လမ်းမပေါ် ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အဆိုပါ လမ်းပိုင်းကို အသုံးပြု၍ကုန်စည် ကူးသန်းနေခြင်းလည်းဖြစ်သည်။

လက်ရှိတွင် သွားလာဖြတ်သန်းခွင့် ပိတ်ထားသော ယာဉ်များမှအပ အခြားယာဉ်များ သွားလာနေကြပြီး၊ ယာဉ်ဖြတ်သန်းခ ကိုလည်း ဇန်နဝါရီ (၁) ရက်မှစတင်ကာ တိုးမြှင့်ကောက်ခံလျက်ရှိကြောင်းသိရသည်။

KNU/KNLA-PC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်နေသော လက်နက်ကိုင်အဖွဲ့တစ်ခုလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here