ဂျပန်ငလျင်ကြောင့် ‌ေ-သဆုံးသူ ၆၀ ကျော်လာ

0
168
A car rides along a cracked road on January 3, 2024, after a major 7.5 magnitude earthquake struck the Noto region in Ishikawa prefecture on New Year's Day. - Japanese rescuers struggled with heavy rain, blocked roads and aftershocks on January 3, following a powerful earthquake that killed at least 73 people and left tens of thousands without power or running water. (Photo by Toshifumi KITAMURA / AFP)

တိုကျို၊ဇန်နဝါရီ ၃

ဂျပန်နိုင်ငံ၌ ဇန်နဝါရီလ ၁ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ‌ေ-သဆုံးသူ ၆၀ ကျော်အထိမြင့်တက်လာကာ အများစုသည် အပျက်အစီးများအောက်ပိတ်မိနေကြသည်ဟုလည်းသိရသည်။

ကျိုဒိုသတင်းဌာန၏ဖော်ပြချက်အရ ယခုအထိလူပေါင်း ၆၄ ဦး‌ေ-သဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသိရသည်။

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကမူ ယခုအချိန်သည် ပြည်သူများ၏အသက်ကိုကယ်ဆယ်ရန် အချိန်လုကာ လုပ်ဆောင်ရမည့်အချိန်လည်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ငလျင်ဘေးသင့်ဒေသများရှိ ဒေသခံပြည်သူများကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားကြောင်းသိရသည်။အချို့ဒေသများ၌ ငလျင်ဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်‌ကုန်သဖြင့် အရေးပေါ်အကူအညီများအတွက် ရဟတ်ယာဉ်များအသုံးပြုကူညီပေးနေသည်ဟုလည်းဆိုသည်။

ဂျပန်၌ ပြီးခဲ့သည့်ဇန်နဝါရီ (၁) ရက် (တနင်္လာနေ့) က အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်ငယ်များဆက်လှုပ်နေကာ ‌ေ-သဆုံးသူ ၆၄ ဦးအထိရှိခဲ့ပြီဖြစ်သည်။

Source : Anadolu Agency


LEAVE A REPLY

Please enter your comment!
Please enter your name here