ပေကျင်း၊ဇန်နဝါရီ ၃
တရုတ်နိုင်ငံသည် နှစ်သစ်ကူးနေ့တွင် ဂျပန်နိုင်ငံ၌လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဂျပန်အား လိုအပ်သော အကူအညီများပေးအပ်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။
ဂျပန်ငလျင်၌ တရုတ်နိုင်ငံသားများ ထိခိုက်ေ-သဆုံးမှုမရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘေးကပြောကြားခဲ့သည်။
ယခုအချိန်အထိ ဂျပန်ငလျင်ကြောင့် ေ-သဆုံးသူ ၆၂ ဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ပြီး ယခုငလျင်သည် ၂၀၁၆ နောက်ပိုင်းတွင် အေ-သအပျောက်အများဆုံးသောငလျင်ဖြစ်ခဲ့သည်ဟုဆိုသည်။
ဆက်လက်၍ ဇန်နဝါရီ ၂ ရက်နေ့ကဖြစ်ပေါ်ခဲ့သော ဂျပန်လေကြောင်းလိုင်း၏လေယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီးမေးမြန်းရာ၌ အဆိုပါမတော်တဆမှုတွင်လည်း တရုတ်နိုင်ငံသားများမပါဝင်သကဲ့သို့ ဂျပန်ဘက်ကလည်း မည်သည့်အထောက်အပံ့ကိုမှမတောင်းဆိုထားကြောင်း မစ္စတာဝမ်ဝမ်ဘင်းကဆိုသည်။
အဆိုပါခရီးသည်တင်လေယာဉ်၌ ဟောင်ကောင်ခရီးသည် ၁၄ ဦးပါဝင်ခဲ့ကြောင်းသိရပြီး ဂျပန်အခြေစိုက်တရုတ်သံရုံးမှတာဝန်ရှိသူများသည် ၎င်းတို့နှင့်အဆက်အသွယ်ရပြီဖြစ်ကာ ၎င်းတို့အားလုံးဘေးကင်းကြောင်းသိရသည်ဟုလည်းဆိုခဲ့သည်။
ဇန်နဝါရီလ ၂ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါဂျပန်ခရီးသည်တင်လေယာဉ်နှင့် ကမ်းရိုးတန်းစောင့်လေယာဉ်တို့၏မတော်တဆတိုက်မိမှု၌ ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်ပါလာသည့် အမှုထမ်းခြောက်ဦးအနက် ငါးဦးေ-သဆုံးကာ ကျန်အရာရှိတစ်ဦးမှာစိုးရိမ်ဖွယ်ကောင်းသောဒဏ်ရာများရရှိခဲ့ကြောင်းလည်းသိရသည်။
Source : ရိုက်တာ/အီးစီ