ဂျပန်ငလျင်ဘေးအတွက် ကူညီရန်ဆန္ဒပြင်းပြလျက်ရှိဟုတရုတ်ဆို

0
153
This aerial image shows a ship (L) washed ashore next to a badly damaged area in the city of Suzu, Ishikawa prefecture on January 3, 2024, after a major 7.5 magnitude earthquake struck the Noto region in Ishikawa prefecture on New Year's Day. - Japanese rescuers scrambled to search for survivors on January 3 as authorities warned of landslides and heavy rain after a powerful earthquake that killed at least 62 people. (Photo by Fred MERY / AFP)

ပေကျင်း၊ဇန်နဝါရီ ၃

တရုတ်နိုင်ငံသည် နှစ်သစ်ကူးနေ့တွင် ဂျပန်နိုင်ငံ၌လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ဂျပန်အား လိုအပ်သော အကူအညီများပေးအပ်ရန်ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃ ရက်တွင်ပြောကြားခဲ့သည်။

ဂျပန်ငလျင်၌ တရုတ်နိုင်ငံသားများ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘေးကပြောကြားခဲ့သည်။

ယခုအချိန်အထိ ဂျပန်ငလျင်ကြောင့်‌ ‌ေ-သဆုံးသူ ၆၂ ဦးအထိရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ပြီး ယခုငလျင်သည် ၂၀၁၆ နောက်ပိုင်းတွင် အ‌ေ-သအပျောက်အများဆုံးသောငလျင်ဖြစ်ခဲ့သည်ဟုဆိုသည်။

ဆက်လက်၍ ဇန်နဝါရီ ၂ ရက်နေ့ကဖြစ်ပေါ်ခဲ့သော ဂျပန်လေ‌ကြောင်းလိုင်း၏လေယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီးမေးမြန်းရာ၌ အဆိုပါမတော်တဆမှုတွင်လည်း တရုတ်နိုင်ငံသားများမပါဝင်သကဲ့သို့ ဂျပန်ဘက်ကလည်း မည်သည့်အထောက်အပံ့ကိုမှမတောင်းဆိုထားကြောင်း မစ္စတာဝမ်ဝမ်ဘင်းကဆိုသည်။

အဆိုပါခရီးသည်တင်လေယာဉ်၌ ဟောင်ကောင်ခရီးသည် ၁၄ ဦးပါဝင်ခဲ့ကြောင်းသိရပြီး ဂျပန်အခြေစိုက်တရုတ်သံရုံးမှတာဝန်ရှိသူများသည် ၎င်းတို့နှင့်အဆက်အသွယ်ရပြီဖြစ်ကာ ၎င်းတို့အားလုံးဘေးကင်းကြောင်းသိရသည်ဟုလည်းဆိုခဲ့သည်။

ဇန်နဝါရီလ ၂ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါဂျပန်ခရီးသည်တင်လေယာဉ်နှင့် ကမ်းရိုးတန်းစောင့်လေယာဉ်တို့၏မတော်တဆတိုက်မိမှု၌ ကမ်းရိုးတန်းစောင့်လေယာဉ်ပေါ်ပါလာသည့် အမှုထမ်းခြောက်ဦးအနက် ငါးဦး‌ေ-သဆုံးကာ ကျန်အရာရှိတစ်ဦးမှာစိုးရိမ်ဖွယ်ကောင်းသောဒဏ်ရာများရရှိခဲ့ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here