ညောင်ရမ်းခေတ် နေပန်လပန် စေတီတော်အား ထီးတော်တင်လှူ

0
244

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ နေပန်လပန် ရှေးဟောင်းစေတီတော်အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာ စိန်ဖူးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ (၃)ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နေပန်လပန်ရှေးဟောင်းစေတီတော်မြတ် (၄) ဆူသည် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များ၏ ခန့်မှန်းချက်အရ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ကျော်ခန့် ၊ ညောင်ရမ်းခေတ်တွင် တည်ထားခဲ့သော စေတီတော်ဖြစ်ကြောင်း သိရသည်။

ယင်း စေတီတော်များအား ၂၀၀၅ ခုနှစ်တွင် လက်ရှိ သုခရတနာကျောင်းတိုက်ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တ အာလောက ၏ ခမည်းတော်ဖြစ်သူနှင့် ဦးရီးတော်ဖြစ်သူတို့မှ တွေ့ရှိခဲ့ပြီး ပြန်လည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေပန်လပန်ရှေးဟောင်း စေတီတော်မြတ် (၄) ဆူကို ဗုဒ္ဓဘသာသနာတော် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ အမှူးပြုသည့် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများ၊ စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ထားပူဇော်ခဲ့ပြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here