ယနေ့ လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပလျှက်ရှိ

0
256

ယနေ့ ဇန်နဝါရီ(၄)ရက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ ၊သုဝဏ္ဏအားကစားပြိုင်ပွဲရုံ(၁)၌ ကျင်းပပြုလုပ်လျှက်ရှိသည်။

အဆိုပါ ပြိုင်ပွဲကို ယနေ့ မွန်းလွှဲ(၁)နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ခေါင်တွဲဆိုင်းများဖြစ်သော ရာမန် နှင့် ထိုင်းနိုင်ငံသား Worajaklekတို့က (၇၅) ကီလိုတန်း အမြင့်ဆုံးဖြင့် ထိုးသ-တ်သွားမည်ဖြစ်သည်။

အလားတူ ကျော်စွာဝင်းနှင့် ထိုင်းနိုင်ငံသား Pong Siri တို့က (၇၂)ကီလိုတန်းတွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

အခြားတွဲဆိုင်းများဖြစ်သော ၊ (၅၅) ကီလိုတန်းတွင် ကိုကိုနှင့် တိုင်းကျော်၊ (၆၀)ကီလိုတန်းတွင် မိုးဟိန်းနှင့် နိုင်အောင်ရှိုင်း၊ (၆၂) ကီလိုတန်းတွင် သူရဲကောင်းနှင့် ကောင်းဆက်နိုင်၊ (၆၅)ကီလိုတန်းတွင် စောဘဟိန်းနှင့် အဖိုးသွေးတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲအား ကြိုးဝိုင်းအနီးအားပေးချင်သူများအတွက် ခုံအကန့်အသတ်ဖြင့် ကျပ်(၅၀၀၀၀)မှ ကျပ် (၃၀၀၀၀)သတ်မှတ်ထားပြီး၊ ရိုးရိုးတန်းအား အခမဲ့ ကြည့်ရှုနိုင်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here