ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း)ပေါ်ရှိ ကွင်းချောင်းတံတား မိုင်းခွဲဖျက်စီးခံလိုက်ရ

0
184

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်နဲ့ဖြူးမြို့နယ်ကြား ရန်ကုန်-မန္တလေး ကားလမ်း(လမ်းဟောင်း)ပေါ်ရှိ ကွင်းချောင်းတံတားအား ယနေ့နံနက်တွင် KNLA +PDF ပူးပေါင်းအဖွဲ့မှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။

တံတားအား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းကြောင့် ကုန်တင်ယာဉ်များအပါအဝင်၊ ဆီသယ်ယာဉ်များ ကုန်သွယ်မှု မပျက်စေရန်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမှ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျောက်တံခါးမြို့နယ် ခမမပည ကေအေ ၄၉၇၀၆၈၊ ကျောက်တံခါးမြို့၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၏ တောင်ဘက် ကိုက်(၃၀၀)ခန့်အကွာရှိ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း တိုင်အမှတ် (၂၅ဝ ၊၂၅၁နှင့် ၂၅၂) တိုင်(၃)တိုင်တို့အား လက်နက်ကိုင်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲသွားကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဓာတ်အားလိုင်းတိုင်အမှတ် (၂၅ဝ)၊ (၂၅၁)နှင့် (၂၅၂)တိုင် (၃)တိုင်လုံးမှ အောက်ခြေရှိတိုင်(၄)တိုင် ပြ-တ်ထွက်ကာ မြေသို့ လဲကျသွားရာ ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here