MLWC အဓိကပွဲစဥ်တွင် ကျော်စွာဝင်းက ထိုင်းဖိုက်တာကို ဒုတိယအချီတွင် အလဲထိုးဖြင့်အနိုင်ရရှိ

0
253

မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များနှင့် ထိုင်းရိုးရာ မွေထိုင်းချန်ပီယံများ၏ ရိုးရာလက်ဝှေ့ပြိုင်ပွဲ MWLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ MLWC အဓိကခေါင်ပွဲစဥ်တွင် ကျော်စွာဝင်းက ထိုင်းဖိုက်တာကို အလဲထိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဓိကတွဲဆိုင်းအနေဖြင့် အနာဂတ် မြန်မာပြည်ချန်ပီယံ အဖြစ်ထင်ကြေးတစ်ချို့ရထားသည့် ရိုးရာလက်ဝှေ့ ပထမတန်းက ရှုံးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်းနှင့် One Championship တွင် လက်ရှိထိုးသ-တ်နေသည့် Max Muay Thai နှင့် Max Thai Lumpinee ချန်ပီယံ ဝါရင့်မွေထိုင်းဖိုက်တာ Pong Siri တို့ ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။

ပွဲစဥ်၏ ဒုတိယအချီအစမှာပင် ကျော်စွာဝင်း၏ အားပါပြင်းထန်သည့်လက်သီးချက်ကြောင့် ဝါရင့်မွေထိုင်းဖိုက်တာ Pong Siri သည် အနားတောင်းခဲ့ရပြီး ဒုတိယအချီ ၂ မိနစ်နှင့် ၄၀ စက္ကန့်အကျော်တွင် ကျော်စွာဝင်း၏ တံတောင်ကြောင့် အကွဲဒ-ဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

ထို့ကြောင့် ဒိုင်ပွဲရပ်ဖြင့် ကျော်စွာဝင်းက အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here