မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်းတွင် ဒိုင်နာယာဉ် (၁) စီး သစ်ပင်အား ဝင်တိုက်မိပြီး ယာဉ်မောင်းကို ကယ်ထုတ်ခဲ့ရ

0
156

မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အတက်ကားလမ်း၊ သန့်စင်ကုန်းကျေးရွာအနီးတွင် ဒိုင်နာယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်တိုက်မိခဲ့ပြီး  ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းခန်းအတွင်း ညပ်နေသည့်အတွက် ကယ်ထုတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၄)ရက် နေ့လည် (၂)နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းအတွင်း ညပ်နေသည့် ယာဉ်မောင်းအား မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် Myanmar Rescue အသင်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အသင်းသားများဖြင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here