မန္တလေးဈေးကွက်အတွင်း ပခုက္ကူဒေသထွက် ကြက်သွန်နီများ အရောင်းအဝယ်ကောင်း

0
184

မန္တလေးဈေးကွက်အတွင်း၌ ပခုက္ကူ ဒေသမှ ထွက်ရှိသည့် ကြက်သွန်နီများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မန္တလေးမြို့ရှိ ကြက်သွန်ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

လက်ရှိတွင် မန္တလေးဈေးကွက်အတွင်း၌ ကြက်သွန်နီများကို ကုန်သည်များက ဝယ်ယူမှုများပြားလာပြီး အရောင်းအဝယ်ကောင်းလျက်ရှိကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း ကြက်သွန်နီ ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။

“အခု မန္တလေးဈေးကွက်ထဲမှာ ပခုက္ကူဘက်ကထွက်တဲ့ ကြက်သွန်နီတွေ အရောင်းအဝယ် တော်တော်လေးကောင်းနေပါတယ်။ပြီး‌တော့ ဆိပ်ဖြူနဲ့ မြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေ မန္တလေးဈေးကွက်ထဲ အရောင်းအဝယ်ပြန်ကောင်းလာတယ်” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှင် ဒေါ်မေသဲဆွေက ပြောသည်။

မန္တလေးဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ ပခုက္ကူဘက်မှ ထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၆ဝဝ၊ မြင်းခြံဘက်မှထွက်ရှိသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၃၃ဝဝ ပေါက်ဈေးရှိကြောင်း သိရသည်။

“အခုလတ်တလောကတော့ ပခုက္ကူဘက်ကနေ ထွက်ရှိတဲ့ ကြက်သွန်နီတွေ မန္တလေးဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်။ ပြည်ပနိုင်ငံတွေက ကြက်သွန်နီ အဝယ်များရင်တော့ မန္တလေးဈေးကွက်ထဲ အရောင်းအဝယ်က ဒီထက်ပိုပြီး ကောင်းလာဖို့ရှိပါတယ်”ဟု ဒေါ်မေသဲဆွေက ဆက်လက်ပြောပြ၍ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here