ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် စီမံ/ဘဏ္ဍာ ဝန်ကြီးတို့ စည်သူဘွဲ့ ချီးမြှင့်ခံရ

0
244

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ကို နစကဥက္ကဋ္ဌက ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့၊ စည်သူဘွဲ့ ချီးမြှင့်လိုက်ကြောင်း သိရသည်။

ထို့အပြင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ဖြစ်သည့် သူရဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးငြိမ်းချမ်းနှင့် ဗိုလ်ကြီးသက်ပိုင်ထက်တို့ ချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

သီရိပျံချီဘွဲ့ကို မြိုင်ကြီးငူနန်းဦးတောရကျောင်း ပဓာနနာ ယက ဘဒ္ဒန္တဥာဏိက (ဒုတိယ မြိုင်ကြီးငူဆရာတော်)၊ လမင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘဒ္ဒန္တကေသရိန္တ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်း ဘဒ္ဒန္တသုမန၊ အပြည်ပြည်ဆိုင်ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပဋိပတ္တိမဟာဌာနမှ ကထိက ဒေါက်တာ ဘဒ္ဒန္တအာစိဏ္ဏနှင့် စက်မှုဝန်ကြီး (ငြိမ်း) ဦးအေးမြင့် တို့ ချီးမြှင့်ခံရကြောင်း သိရသည်။

ဇေယျကျော်ထင်ဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် နီလင်းအောင်၊ ဗိုလ်ချုပ်ခင်ဇော် (ငြိမ်း) တို့ ရရှိခဲ့ကာ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ (၉၆) ဦး၊ အလက်ာကျော်စွာဘွဲ့ရရှိသူ (၅)ဦး၊ သိပ္ပကျော်စွာဘွဲ့ ရရှိသူ (၂) ဦး ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ (၉) ဦး၊ ရဲသူရတံဆိပ်ရရှိသူ (၄) ဦး၊ ရဲဗလတံဆိပ်ရရှိသူ (၁၄၀) ဦး၊ ရဲသူရိန်တံဆိပ်ရရှိသူ (၁) ဦး၊ ရဲကျော်သူတံဆိပ်ရရှိသူ (၂) ဦး၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်) (၁၈) ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်) (၃၄) ဦး၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်) (၅၃) ဦး ပါဝင်ကြောင်း သိရသည်။

လူမှုထူးချွန်တံဆိပ်(ပထမအဆင့်) (၂၃) ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၁၄) ဦး၊ လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) (၃၇) ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) (၁) ဦး၊ လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) (၁၈) ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(ဒုတိယအဆင့်) (၁) ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်) (၈) ဦး၊ ဝန်ဆောင်မှု စီးပွားထူးချွန်တံဆိပ် (ဒုတိယအဆင့်) (၁) ဦး၊ ဝန်ဆောင်မှု စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) (၁၃) ဦး ဆုချီးမြှင့်ခံရကြောင်းလည်း သိရသည်။

ထို့အပြင် သိပ္ပံပညာထူးချွန်တံဆိပ် ပထမအဆင့် (၁) ဦးနှင့် ဒုတိယအဆင့် (၁) ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမအဆင့်) (၅) ဦး၊ ဆေးပညာထူးချွန်တံဆိပ် ပထမအဆင့် (၁) ဦးနှင့် ဒုတိယအဆင့် (၁) ဦး၊ နည်းပညာထူးချွန်တံဆိပ် ပထမအဆင့် (၁)ဦးနှင့် ဒုတိယအဆင့် (၂)ဦး၊ တတိယအဆင့် (၁၁) ဦး၊ အနုပညာထူးချွန်တံဆိပ် ဒုတိယအဆင့် (၅) ဦး၊ တတိယအဆင့် (၂) ဦး၊ စာပေပညာထူးချွန်တံဆိပ် တတိယအဆင့် ရရှိသူ (၂) ဦး ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here