မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် (၆) ဘီးကား လမ်းလယ်ရှိ သစ်ပင်အား ဝင်တိုက်မိမှုကြောင့် (၁) ဦး​ေ-သ (၂) ဦးဒဏ်ရာရ

0
122

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် (၆) ဘီးယာဥ်တစ်စီး လမ်းလယ်ရှိ သစ်ပင်အား ဝင်တိုက်မိမှုကြောင့် (၁) ဦး​ေ-သ (၂) ဦးဒဏ်ရာရရှိမှု ယနေ့ နေ့လယ်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေးပစ္စည်းများ သယ်ဆောင်လာသော ၆ ဘီးယာဥ်တစ်စီးသည် မန္တလေး-ပြင်ဦးလွင်ကားလမ်း သန့်စင်ကုန်းကျေးရွာအနီးတွင် လမ်းလယ်ရှိ သစ်ပင်အား တိုက်မိမှု ယနေ့ ဇန်နဝါရီလ ၄ ရက် နေ့လယ် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်ပေါ်ပါ (၃) ဦး အနက် ၂ ဦးညပ်မိနေပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့သည့်အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်ညီနောင် ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း ကူညီကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ညပ်မိနေသူ (၂) ဦး အနက် (၁) ဦးမှာ​ေ-သဆုံးပြီး ကျန် (၁) ဦးမှာ ခြေထောက်ဒဏ်ရာရရှိခဲ့သည့်အတွက်​ေ-သဆုံး ရုပ်အလေ-ာင်းအား ထာဝရလူမှုကယ်ဆယ်ရေးအသင်းယာဥ်ဖြင့်လည်းကောင်း၊ ဒဏ်ရာရလူနာအား ဌာနီအရှေ့ လူမှုကယ်ဆယ်ရေးအသင်းယာဥ်ဖြင့်လည်းကောင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here