ဓ-ါးဖြင့်တိုက်ခိုက်ခံရသည့် တောင်ကိုရီးယားအတိုက်အခံပါတီခေါင်းဆောင် ICU မှထွက်လာနိုင်ပြီဖြစ်ဟု ဆရာဝန်ပြောကြား

0
120

ဆိုးလ်၊ဇန်နဝါရီ ၄

တောင်ကိုရီးယားအတိုက်အခံဒီမိုကရက်တစ်ပါတီခေါင်းဆောင် မစ္စတာလီဂျေးမြောင်သည် ဓ-ါးဖြင့်တိုက်ခိုက်ခံခဲ့ရပြီးနောက် ထိခိုက်သွားသော သွေးကြောမကြီးကိုကုသရန် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှုခံယူနေရာမှ ယခုအခါ ပြန်လည်သက်သာလာပြီဖြစ်ရာ ရိုးရိုးအဆောင်သို့ပြန်လည်ရွှေ့ပြောင်းလာနိုင်ပြီဖြစ်ကြောင်း ခွဲစိတ်ဆရာဝန်တစ်ဦးကပြောကြားခဲ့သည်။

သို့သော် မစ္စတာလီ၏အခြေအနေသည် ခွဲစိတ်မှုပြီးသွားသော်လည်း နောက်ဆက်တွဲပြဿနာများအား ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေသေးသည်ဟုလည်းပြောကြားခဲ့သည်။

မစ္စတာလီသည် ဘူဆန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်သွားရောက်စဉ် အသက် ၆၀ အရွယ်ရှိ အမျိုးသားတစ်ဦး၏ တိုက်ခိုက်မှုကိုခံခဲ့ရခြင်းလည်းဖြစ်သည်။ အဆိုပါအမျိုးသားသည် မစ္စတာလီအားထောက်ခံသူအယောင်ဆောင်ကာ လက်မှတ်ထိုးပေးရန်ပြောပြီးအနားကပ်လာကာ ဓ-ါးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအားအခင်းဖြစ်နေရာ၌ပင် ဖမ်းဆီးနိုင်ခဲ့သည်ဟုလည်းသိရသည်။

မစ္စတာလီ၏တိုက်ခိုက်ခံရမှုသည် နိုင်ငံတွင်း တုန်လှုပ်ခြောက်ခြားစရာကိစ္စတစ်ခုဖြစ်ခဲ့ပြီး လက်နက်ကိုင်ဆောင်ခွင့် တင်းကြပ်စွာတားမြစ်ထားသော်လည်း ရာထူးကြီးပိုင်းနိုင်ငံရေးခေါင်းဆောင်များ၏ လုံခြုံရေးအတွက် မေးခွန်းထုတ်စရာကိစ္စလည်းဖြစ်လာခဲ့သည်။

ပြစ်မှုကျူးလွန်သူအဖြစ်သံသယရှိသူသည် အစွန်းရောက်နိုင်ငံရေးအမြင်ရှိသူတစ်ဦးဖြစ်ပြီး ၎င်းအား လူသ-တ်မှုကျူးလွန်ရန်ကြံစည်မှုဖြင့်ဖမ်းဆီးထားပြီး လက်ရှိိတွင်ဆက်လက်စစ်ဆေးနေကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အာရ်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here