ရွက်ရေ (၁၀၀) ပါ ရွှေဆိုင်း (၇၀၀၀) တင်သွင်းခြင်းလုပ်ငန်းအပါအဝင် တင်ဒါများကို ဗိုလ်တထောင်ဘုရား ဂေါပကအဖွဲ့ ဖျက်သိမ်း

0
228

ဒီဇင်ဘာလ (၂၁) ရက်တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်အတွက် ခေါ်ယူခဲ့သည့် တင်ဒါလုပ်ငန်းများကို ဖျက်သိမ်းလိုက်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။

နှစ်ထပ်ငြမ်းဆင်ခြင်း လုပ်ငန်း၊ ရွှေမှိုက်ဟောင်းများ ချွတ်ယူခြင်းလုပ်ငန်း၊ ၂” × ၂” အရွယ် ရွက်ရေ (၁၀၀)ပါ ရွှေဆိုင်း (၇၀၀၀)ဆိုင်း တင်သွင်းခြင်းလုပ်ငန်း၊ ကြာမှောက် ကြာလှန်အား ၉” ပတ်လည် ရွှေစင်ရွှေပြားကပ်လှူခြင်းလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ရွှေဆိုင်းကပ်ခြင်း လုပ်ငန်း၊ ကြေးဖရိန်၊ ကြေးပြားတင်သွင်းခြင်းလုပ်ငန်းနှင့် ကြေးဖရိန် ကြေးပြားကပ်ခြင်း လုပ်ငန်းတို့များ ပါဝင်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ တင်ဒါလုပ်ငန်းများကို ဇန်နဝါရီလ (၃) ရက်နှင့် (၄) ရက်တို့တွင် တင်ဒါတင်သွင်းခြင်း၊ ဖွင့်ဖောက်ခြင်းတို့ လုပ်ဆောင်ရန် မူလစီစဥ်ထားသော်လည်း လုပ်ဆောင်ခြင်းမပြုတော့ဘဲ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကာ ထပ်မံ တင်ဒါဖွင့်မည့်ရက်အား သတင်းစာမှ ပြန်လည်ကြော်ငြာသွားမည်ဖြစ်ကြောင်း အသိပေးထားကြောင်း သိရသည်။

အသေးစိတ် သိရှိလိုပါက ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ရုံး ဖုန်း ၀၉-၇၉၂၄၄၇၃၀၀ ၊
၀၉- ၄၅၃၂၀ဝ၈၂၀ သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ကြောင်း ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here