မြန်မာနယ်စပ်၌ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသား‌ေ-သဆုံးမှု ပေကျင်းရှုံ့ချ

0
289

ပေကျင်း၊ဇန်နဝါရီ ၄

ပေကျင်းသည် အိမ်နီးချင်းမြန်မာနိုင်ငံ၌ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသားများ ‌ေ-သဆုံးဒဏ်ရာရရှိမှုများအပေါ် အပြင်းအထန်ကန့်ကွက်ရှုံချခဲ့ပြီး နယ်စပ်တစ်လျှောက်အမြောက်ကျည်များကျရောက်ပေါက်ကွဲသည့်အတွက်လည်း ၎င်းတို့၏ နိုင်ငံသားများအပေါ်ကာကွယ်ရန် လိုအပ်သည့်ဆောင်ရွက်မှုများအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၌ အောက်တိုဘာလ ၁၇ ရက်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ထိုးစစ်ကြောင့် တပ်မတော်နှင့်နှစ်ဖက်တိုက်ပွဲများပြင်းထန်နေခဲ့ခြင်းလည်းဖြစ်သည်။

ဇန်နဝါရီ ၃ ရက်၊ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊နန်ဆန်မြို့သို့ မြန်မာဘက်မှအမြောက်ကျည်ဆံကျရောက်ပေါက်ကွဲမှုကြောင့် လူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း တရုတ်မီဒီယာများ၌ဖော်ပြခဲ့သည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘင်းကမူ တရုတ်အနေဖြင့် မိမိတို့နိုင်ငံသားများအား ထိခိုက်နစ်နာမှုများရှိလာသည့်အတွက် နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်အတွက် လုပ်သင့်လုပ်ထိုက်သည်များကိုလုပ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

“နယ်စပ်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမပျက်ပြားစေဖို့အတွက် မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့ ရန်လိုမှုတွေရပ်တန်းကရပ်ဖို့ တရုတ်နိုင်ငံအနေနဲ့ နောက်တစ်ကြိမ်ထပ်မံတိုက်တွန်တောင်းဆိုပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့ဖြစ်စဉ်၌ တရုတ်နိုင်ငံသား မည်မျှ‌ေ-သဆုံးထိခိုက်ဒဏ်ရာရခဲ့သည်ကိုမူ မစ္စတာဝမ်ကထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ တပ်မတော်နှင့်လက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်ဘက်မှ ကြားဝင်စေ့စပ်ပေးခြင်းပြုလုပ်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲများမှာမူဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

ထို့ကြောင့်လည်း ပြီးခဲ့သည့်အပတ်က တရုတ်သံရုံးမှ ၎င်း၏နိုင်ငံသားများအား တရုတ် –  မြန်မာနယ်စပ်တစ်လျှောက်ရှိ လုံခြုံရေးအန္တရာယ်ရှိသည့်ဒေသများမှ တရုတ်နိုင်ငံသားများအနေဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရန်လည်း သတိပေးချက်ထုတ်ပြန်ခဲ့သေးသည်။

Source : အေအက်ဖ်ပီ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here