PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်‌နေ

0
177

PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်‌နေပြီး၊ လက်ရှိတွင်
PNLO/PNLA က ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင်ပေးနေကြောင်း ယင်းအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့က ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်နေသည့် စစ်ရှောင်ပြည်သူများထံသို့အရောက်သွား၍ PNLO/PNLA ၏ ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသပေးလျက်ရှိကြောင်း ဆိုသည်။

“ဒီရက်ပိုင်းက အရမ်းအေးနေတော့ ခိုလှုံသူတွေထဲမှာ နာမကျန်းဖြစ်နေသူတွေကို အချိန်ပြည့်စောင့်ကြည့်ပြီး ကျန်းမာရေးအတွက် စောင့်ရှောက်ကုသပေးနေရတယ်။ အဓိက ကတော့ ဆေးဝါးလိုအပ်ချက်ရှိတာပေါ့။”ဟု ဆိုသည်။

ထို့အပြင် စားနပ် ရိက္ခာ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ နှင့် လိုအပ်သည်များအား ထောက်ပံ့ကူညီခြင်းနဲ့ ကျန်းမာရေးစောင့် ရှောက်မှုပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သော ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းကလည်း ကျန်းမာရေးစောင့် ရှောက်ရန်လိုအပ်နေသော ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းကလေးငယ်များနှင့် သက်ကြီးဘိုးဘွားတို့ကို ဆေးဝါးကုသပေးခဲ့သည်။

PNLO ၏ ထောက်ပံ့မှုသည် ကရင်နီပြည်မှ စစ်ရှောင်များကို ၎င်းတို့ ထိန်းချုပ်ဒေအတွင်း လာရောက်ခိုလှုံခွင့်ပြုသည်အချိန်မှစ၍ ယနေ့အထိ စားနပ်ရိက္ခာထောက်ပံ့ ကူညီမှုများအပြင် နေအိမ်များဆောက်လုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းတို့၏ ထိန်းချုပ်ဒေသအတွင်းအများဆုံးလာရောက် ခိုလှုံသူများသည် ပအိုဝ်း ၊ ကရင်နီ စသည့် တိုင်းရင်းသားအများဆုံးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here