လှိုင်တက္ကသိုလ်အနီးတွင် အိမ်စီးကား တစ်စီး မီးလောင်ကျွမ်း

0
210

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက် ၊ ပါရမီလမ်း၊ လှိုင်တက္ကသိုလ်အနီးတွင် ဇန်နဝါရီ (၅)ရက် နံနက်အစောပိုင်း (၂) နာရီ မိနစ် (၄၀) အချိန်က အိမ်စီးကားတစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်သွား​ရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ (၂)နာရီ (၄၉)မိနစ်အချိန်တွင် ကားမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here