နှစ်သစ်ကူးနေ့ ဂျပန်ငလျင်အတွက် စင်္ကာပူဝန်ကြီးချုပ်လီက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့

0
191

စင်္ကာပူ၊ဇန်နဝါရီ ၄

နှစ်သစ်ကူးနေ့က ဂျပန်၌ငလျင်လှုပ်ခတ်ခဲ့ပြီး လူထိခိုက်‌ေ-သဆုံးမှုများရှိခဲ့သည့်အတွက်များစွာစိတ်မကောင်းဖြစ်မိကြောင်း စင်္ကာပူဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းက သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။

ဂျပန်နိုင်ငံရှိ အိရှိခဝစီရင်စုမှ နိုတိုဒေသတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါငလျင်သည် ပြင်းအား ၇ ဒသမ ၅ ရှိကာ ငလျင်ဘေးကြောင့် လူပေါင်း ၇၈ ဦး ထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟုလည်း တာဝန်ရှိသူများ၏ဖော်ပြချက်အရသိရသည်။

“နှစ်သစ်ကူးနေ့မှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြောင့် ပြည်သူများအသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်စည်းစိမ်တွေ ထိခိုက် ဆုံးရှုံးခဲ့ရတဲ့အတွက် ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု မစ္စတာလီက ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါထံသဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါငလျင်ကြောင့် ဂျပန်နိုင်ငံ၌ လူပေါင်း ၇၈ ဦး‌ေ-သဆုံးပြီး ၃၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ဖော်ပြချက်၌ပါရှိသည်။ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင်လည်း အိရှိခဝ၌ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ကာ လျှပ်စစ်မီးနှင့်ရေပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် အရေးပေါ်အထောက်အကူပြုပစ္စည်းများပို့ဆောင်ကူညီပေးနေရသည်ဟုလည်းသိရသည်။

“ဒဏ်ရာရပြည်သူတွေလည်း အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်၊ အခုလိုခက်ခဲနေတဲ့အချိန်တွေမှာ ဂျပန်အစိုးရနဲ့ရော ဂျပန်ပြည်သူတစ်ရပ်လုံးနဲ့ပါ စင်္ကာပူအနေနဲ့ရပ်တည်ပေးနေပါတယ်၊ ဒါကြောင့် ငလျင်ဘေးအပြီး ပြန်လည်ထူထောင်ရေးကဏ္ဍတွေမှာ စင်္ကာပူဘက်ကကူညီနိုင်တာမျိုးရှိရင် သိရှိကူညီပါရစေ” ဟုလည်း မစ္စတာလီ၏သဝဏ်လွှာ၌ဖော်ပြထားသည်။

Source : စီအင်န်အေ/အေအက်ဖ်ပီ/အီးစီ(ကေဂျီ)


LEAVE A REPLY

Please enter your comment!
Please enter your name here